Daiichi Life

TOGETHER FOR MYANMAR: Immediate Relief and Sustainable Water Access

အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ခံစားခဲ့ရသော မန္တလေး၊ စစ်ကိုင်းမှ ပြည်သူများရှိရာသို့ ပထမဆုံးအရေးပေါ်အကူအညီအနေနဲ့ ကျွန်တော်တို့ Daiichi Life Myanmar ဝန်ထမ်းများ နှင့် Business Partner ကြီးများ တို့က လက်ရှိလိုအပ်နေတဲ့အသုံးအဆောင်များပါဝင်တဲ့ care package များအပြင် ဆေးဝါးများနှင့် ဆေးပစ္စည်းများကို အမြန်ဆုံးရရှိနိူင်စေရန် ကိုယ်တိုင်အတူတကွသွားရောက်ပံ့ပိုးကူညီပေးခဲ့ပါသည်။​

TOGETHER FOR MYANMAR “ ပြန်လည်တည်ဆောက်ကြမည် အနာဂတ်များဆီ” ဟူသောရည်ရွယ်ချက်နှင့်အညီ ဒိုင်အိချိမြန်မာအနေနှင့် သဘာဝငလျင်ဘေးဒဏ်ခံစားခဲ့ရသော မိသားစုများစွာရဲ့ စိတ်ခွန်အားတွေကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပြီး အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီးတော့လည်း ပံ့ပိုးကူညီလုပ်ဆောင်မှုများစွာကို ဒေသခံများ၏အကူအညီများဖြင့် ဆက်တိုက် ပံ့ပိုးပေးလျက်ရှိသည့်အပြင် မန္တလေး၊စစ်ကိုင်းနှင့်အင်းလေးဒေသရှိမြို့များရှိမိသားစုဝင်များအတွက် သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိစေရန်လည်း သောက်သုံးရေအမှန်တကယ်လိုအပ်နေသောနေရာများတွင် ရေသန့်စက် (၁၇) ခုကို လှူဒါန်းရန် ဆောင်ရွက်လျက်ရှိနေပြီး လက်ရှိမှာလည်း မန္တလေးနှင့် စစ်ကိုင်းမြို့များ၏ ကယ်ဆယ်ရေးနေရာများတွင် ရေသန့်စက်ကြီးများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။​

ကျွန်တော်တို့ Daiichi Life Myanmar မှ အလိုအပ်ဆုံးအချိန်မှာ အခက်အခဲများကို ကူညီဖြေရှင်းဖို့ အမြဲအတူ ရှိနေပေးမယ့်အပြင် ရှေ့ဆက်ပြီးတော့လည်း ငလျင်ဒဏ်မှ ပြန်လည်ထူထောင်ရေးခရီးမှာ အကောင်းဆုံး ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်းကတိပြုလိုက်ပါသည်။