Daiichi Life

Strengthening Our Partnership with Myanmar Oriental Bank

ကျွန်တော်တို့ Daiichi Life Myanmar နဲ့ မြန်မာအရှေ့တိုင်းဘဏ်ကြီးတို့ရဲ့ Bancassurance Partnership Agreement ကို ဆက်လက်တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

မြန်မာနိုင်ငံမှာ Daiichi Life Myanmar ရဲ့ ပထမဆုံး Bank Partner ဖြစ်တဲ့အပြင် Bancassurance လုပ်ငန်းရဲ့အစပြုရာကတည်းကအတူလက်တွဲလာခဲ့တဲ့ မြန်မာအရှေ့တိုင်းဘဏ်ကြီးဟာ မြန်မာနိုင်ငံတစ်ဝန်းကမိသားစုတွေနဲ့ Customer တွေအတွက် ဘဝအာမခံအကာအကွယ်၊ ငွေကြေးလုံခြုံမှုနဲ့ စိတ်အေးချမ်းမှုတွေကို ပိုမိုရရှိနိုင်အောင် ကျွန်တော်တို့နဲ့အတူ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့ပါသည်။

ကျွန်တော်တို့အတွက် ဒီပူးပေါင်းဆောင်ရွက်မှဟာ နှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်မှု၊ အတူတကွ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ကာစတမ်မာများအတွက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုနဲ့ အနာဂတ်တွေကိုဖန်တီးပေးလိုတဲ့ တူညီတဲ့ရည်ရွယ်ချက်တွေကြောင့်ပဲ ဖြစ်ပါသည်။

ရှေ့ဆက်မယ့်ခရီးလမ်းမှာလည်း မြန်မာအရှေ့တိုင်းဘဏ်ကြီးနဲ့အတူ လက်တွဲရင်းမိသားစုဝင်များရဲ့ ဘဝနဲ့အနာဂတ်ကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့အတူတကွဖန်တီးရင်း ဘဝရဲ့အခွင့်အလမ်းအသစ်တွေကို  ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။