Daiichi Life

လူတိုင်းရဲ့ ဘဝမှာကိုယ်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့၊အခွင့်အလမ်းသစ်တွေကိုရရှိဖို့၊အမြဲကြိုးစားပုံဖော်နေကြရပါတယ်။

ကိုယ်ချစ်ရသူတွေနဲ့အတူဖန်တီးချင်တဲ့မနက်ဖြန်တွေ၊ကိုယ်တိုင်ရွေးချယ်ထားတဲ့ဘဝပုံစံတွေမတူညီကြသလို၊  လူတိုင်းရဲ့ဘဝခရီးလမ်းမှာစောင့်ကြိုနေတဲ့ဖြစ်နိုင်ခြေတွေအခွင့်အလမ်းတွေကလည်းအမြဲပြောင်းလဲနေတတ်ပါတယ်။ရှေ့မှာဘာတွေဖြစ်လာမယ်ဆိုတာကြိုမသိနိုင်ပေမဲ့ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ကိုရောက်ရှိဖို့ဘဝရဲ့အစိတ်အပိုင်းအားလုံးမှာအခွင့်အလမ်းတွေကအမြဲရှိနေတတ်ပါတယ်။

More Than Life Insurance

၁၉၀၂ ခုနှစ်မှာ ဂျပန်နိုင်ငံတွင် စတင်တည်ထောင်ခဲ့တဲ့ Daiichi Life ဟာ ရာစုနှစ်တစ်ခုကျော်ကြာ လူတွေရဲ့ ဘဝအဆင့်ဆင့်တိုင်းမှာ အတူရှိပေးခဲ့ပါတယ်။

ယနေ့အချိန်မှာလည်းAsia-Pacific ဒေသ၊ မြောက်အမေရိကနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Customer တွေရဲ့ ဘဝခရီးလမ်းမှာ ဆက်လက်အတူရှိပေးနေပါတယ်။

ကျွန်တော်တို့ Daiichi Life ရဲ့ခံယူချက်ကတော့မြန်မာနိုင်ငံမှာရှိတဲ့မိသားစုတိုင်းရဲ့နေ့စဉ်ဘဝ၊ မျှော်လင့်ချက်တွေနဲ့တစ်ဦးချင်းစီရဲ့တန်ဖိုးထားရတဲ့အရာတွေအတွက်ဘဝခရီးလမ်းတစ်လျှောက်လုံးမှာယုံကြည်မှုရှိရှိရှေ့ဆက်နိုင်ဖို့အတူရှိနေပေးသွားဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ကာစတမ်မာတွေရဲ့ လိုချင်တဲ့ဘဝဆီရှေ့ဆက်လှမ်းနိုင်ဖို့၊ဖြစ်နိုင်ခြေအခွင့်အလမ်းတွေကိုစိတ်ကြိုက်ဖွင့်လှစ်သွားနိုင်ဖို့ Daiichi Life Myanmar က  ဘဝခရီးလမ်းတလျှောက်မှာအတူတူပုံဖော်ပေးသွားမှာပါ။

By Your Side, Through Every Stage of Life

ဘဝက ဘယ်လိုအခွင့်အလမ်းသစ်တွေကို ဖန်တီးမလဲဆိုတာ မသိနိုင်ပေမယ့် ကိုယ်လိုချင်တဲ့ဘဝဆီ စိတ်ကြိုက်ရှေ့ဆက်နိုင်ဖို့၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေတွေကို စိတ်ကြိုက်ဖွင့်လှစ်နိုင်ဖို့ Daiichi Life Myanmar က အသက်အာမခံမိတ်ဖက်ပါတနာအဖြစ် သင်နဲ့အတူ ဘဝခရီးလမ်းတိုင်းကို လျှောက်လှမ်းပုံဖော်ပေးသွားမှာပါ။

Open Life's Possibilities